သိုင်းမင်းသားနဲ့အဆောင်နတ်သမီး-အပိုင်း -(၁မှ၁၈)
-*-*-*-*-*-*-*-*-*-*- *-*-*-*-*-*-*-*-*-*-*-*-*-*- *
ဒီတစ်ခါမိတ်ဆတ်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ အားလုံးသိထားပြီးသားဖြစ်လောက်တဲ့ မင်းသား Yang Yang ရဲ့ "Martial Universe" ပဲဖြစ်ပါတယ်
Tiancan Tudou ရေးသားထားတဲ့ Wu Dong Qian Kun လို့အမည်ရတဲ့ဝတ္ထုကိုအခြေခံပြီးတော့ ဒါရိုက်တာ Zhang Li က ရိုက်ကူးထားတာပါ
2018 August 7th ရက်နေ့မှစပြီး Dragon TV (original network) ကထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်
အပိုင်း ၄၀ ပါဝင်မှာဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့... လင်းတုံလို့အမည်ရတဲ့ကောင်လေးက ရွာငယ်လေးမှာကြီးပြင်းလာခဲ့တာလေ မိသားစုရဲ့မျက်နှာပေးမခံရသည့်အလျောက် သူ့ရဲ့အစွမ်းအစတွေ တိုးတက်လာဖို့အတွက် အတွေးအမြင်တွေကျယ်ပြန့်အောင် ခရီးထွက်လာခဲ့ပါတယ်
လမ်းခရီးမှာတော့ တော်တော်လေးကိုကွာခြားလွန်းလှတဲ့ လင်းချင်ကျူ နဲ့ ယင်းဟွမ်ဟွမ် အသီးသီးအမည်ရတဲ့ မိန်းကလေးနှစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်လေ
အဲ့သလိုနဲ့ ရိုမန့်တစ်ဆန်ဆန် သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတွေဆက်ဖြစ်လာကြတယ်ဆိုပါတော့
ကံကြမ္မာအလှည့်အပြောင်းမှာတော့
သိုင်းလောကတစ်ခုလုံးရဲ့မျိုးနွယ်စုတွေကလိုချင် တပ်မက်ကြတဲ့ လျို့ဝှက်ဆန်းကြယ်လှတဲ့ ရေခဲအသုံးအဆောင် အမွေအနစ်ကို လင်းတုံကရရှိသွားခဲ့တယ်လေ
မျိုးနွယ်စုတွေအားလုံးက လင်းတုံကို နည်းမျိုးစုံနဲ့ ချည်းကပ်ကြတော့တာပေါ့
လင်းတုံကတဖြည်းဖြည်းနဲ့ အင်အားကြီးမားတဲ့သူဖြစ်လာခဲ့ပြီး
သိုင်းလောကတစ်ခုလုံးကို ခြယ်လှယ်ဖို့ကြံစည်နေတဲ့ မကောင်းဆိုးဝါးဂိုဏ်းတွေရဲ့ ဇာတ်ကြောင်းကိုသိသွားခဲ့ပါတယ်
အဲ့ဒီ့နောက်မှာတော့ လင်းတုံအပါအဝင် လူငယ်သူရဲကောင်းသုံးယောက်ပူးပေါင်းကာ ဘယ်လိုများ မကောင်းဆိုးဝါးတွေကို အမြစ်ပြတ်ချေမှုန်းပစ်ပြီး???
ဘယ်လိုများ သိုင်းလောကအတွက် ငြိမ်းချမ်းရေးကိုရယူပေးသွားမလဲ???
Genres: Adventures, Historical, Wuxia, Martial Arts
Type: Drama
Tags: Adapted From A Novel
Episodes: 40
Network: Dragon TV Youku
Duration: 45 min
Cast တွေနဲ့မိတ်ဆတ်ပေးချင်ပါတယ်
လင်းတုံ အဖြစ် Yang Yang
ရင်းဟွမ်ဟွမ် အဖြစ် Zhang Crystal
လင်းချင်ကျူ အဖြစ် Wang Claudia
လင်းလန်ထျန်း အဖြစ် Wu Chun
တို့က အဓိကပါဝင်ထားကြပါတယ်
Reviews - Nway Htwe Aung
Subtitles -Hnin Pale, Soe Soe
Encode - J Jin Tai
ဒေါင်းရန် https://bit.ly/2MtoM8V