အပိုင်း-၁၆ "မိန်းမငယ်လေးရဲ့အချစ်"-အပိုင်း(၁၆)
************************
ဇာတ်လမ်းအကျဉ်း
Sanဟာ မြို့ပေါ်က ဂုဏ်ကြီးရှင်သူဌေးသားတစ်ယောက်ဖြစ်ပီး နိုင်ကံခြားကဘွဲ့ရခဲ့တဲ့ပန်းချီပညာရှင်တစ်ယောက်ဖြစ်ပါတယ်. သူ့မှာစေ့စပ်ထားတဲ့ချစ်သူရှိပီး တနေ့မှာ မသမာသူတွေရဲ့လုပ်ကြံခံရပီး အတိတ်မေ့သွားခဲ့ပါတယ်.. သူဟာ ခြေဦးတည့်ရာသွားရင်း စက်လှေတစ်စီးနဲ့ လိုက်သွားပါတယ်..
Nid ကတော့ ကျွန်းတစ်ကျွန်းပေါ်ကလှပတဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်ပါတယ်. အမေရယ် အစ်ကိုရယ်နဲ့အတူနေထိုင်ပီး ဘဝကိုငြိမ်းချမ်းပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ယောက်ပါ. Nid ရဲ့ထူးခြားတဲ့ပါရမီက အသံအရမ်းကောင်းတာပါပဲ.
တနေ့မှာ Nid ဟာ သူ့အစ်ကိုငါးဖမ်းလိုက်တာကို ကူညီဖို့လိုက်သွားရင်း လှေပေါ်မှာသီချင်းညည်းနေခဲ့ပါတယ်.. Sanလိုက်ပါလာတဲ့ စက်လှေဟာ Nid တို့ကျွန်းအနားကိုရောက်လာတဲ့အခါ San ဟာ Nid ရဲ့ သီချင်းသံကိုကြားပီးစိတ်ဝင်စားတာကြောင့် စက်လှေပေါ်မှ ခုန်ချကာ Nid တို့ကျွန်းဆီကို
ရေကူးလာခဲ့ပါတယ်..သို့သော်လမ်းတဝက်မှာပဲ အားအင်ကုန်ခမ်းပီးရေနစ်ခဲ့ပါတယ်..Sanရေနစ်တာကို ငါးဖမ်းလှေပေါ်မှတွေ့ခဲ့တဲ့Nid ဟာ Sanကို ကယ်တင်ခဲ့ပါတယ်..
ထို့နောက် ဘယ်သွားလို့သွားရမှန်းမသိဖြစ်နေတဲ့ San ကို Nid တို့မိသားစုကအလုပ်ပေးထားပီး သူတို့အိမ်မှာပဲနေစေခဲ့ပါတယ်...
အဲ့တာနဲ့ အတိတ်မေ့နေတဲ့ သူဌေးသားလေးနဲ့ ဖြူစင်လှတဲ့ ကျွန်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းအစပျိုးပီး သူတို့နှစ်ယောက်လက်ထပ်ခဲ့ပါတယ်..
လက်ထပ်ပီးနောက်.....San ရဲ့အဖေဟာ သူ့သားကိုပြန်ရှာတွေ့ခဲ့ပီးဆေးကုဖို့ မြို့ကိုပြန်ခေါ်သွားပါတယ်.. Sanက မလိုက်ချင်ပေမဲ့ သူ့ရဲ့ကျန်းမာရေးကြောင့် ပြန်ခွဲစိတ်ဖို့ Nidက တိုက်တွန်းခဲ့ပါတယ်..ဒါနဲ့ Sanနဲ့ Nid ဟာမြို့ပေါ်လိုက်သွားကြပါတယ်..
သို့သော် ခွဲစိတ်ပီးနောက် San ဟာ Nid အပါအဝင် ကျွန်းပေါ်ကကိစ္စတွေအားလုံးကိုမေ့သွားသောအခါ.......
ယောကျာ်းမျက်နှာတစ်ခုတည်းနဲ့သူစိမ်းတို့အလယ်ကို ရောက်လာခဲ့တဲ့ Nid တစ်ယောက်ဘယ်လို လောကဓံတွေနဲ့ရင်ဆိုင်ရမှာလဲ.?
San က ရော ဘယ်တော့မှ Nid နဲ့ ပတ်သတ်ဖူးခဲ့တဲ့ အတိတ်ကိုသတိရမှာလဲ။
Nid က ရော ကြုံဆုံရတဲ့ ဒုက္ခ ပေါင်းဆုံ ကို ဘယ်လို ကျော်လွှားပီး အောင်မြင် တဲ့ ရုပ်ရှင် မင်းသမီး တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရလဲ.။
အချစ်ကြီး ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦး အဆုံးမှာ ပေါင်းဖက်နိုင် မှာလား။
. . .ဆိုတာကိုတော့ ဆက်လက် ကြည့်ရှုကြပါနော်.
Vill Myanmar Family Page နှင့် FIV Entertainment တို့မှ ပူးပေါင်းတင်ဆက်ပေးသော ဇာတ်ကားဖြစ်ပါတယ်..
Translator: K April Oo
Encoder: J Jin Tai
ဒေါင်းရန်လင့်ခ် https://bit.ly/2NbjbHU